Facebook
RSS

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများ

-
OPEN TECHNOLOGY

"နည်းပိုင်ညာ Professional အဖြိုက်လေ့လာနိန်ကတ်တေ ရခိုင်လူငယ်ချေတိအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပိုင်ညာရှင် အသင်း(MCPA) ၏ အသိအမှတ်ပြုစာမေးပွဲ ကို ၀င်ဖြေဖို့ တိုက်တွန်းလိုက်ရပါရေ။ ဒေ MCPA Exam ဖြေဆိုခြင်းဖြင့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲတိအတွက် အလေ့ကျင့်ကောင်းရဟိဖို့အပြင် မိမိ၏ အရည်အသွေး ဇာလောက်ဟိရေဆိုစွာ ကို လေ့လာ ဆန်းစစ်ခွင့်ရပါရေ အတွက်နန့် နည်းပိုင်ညာလေ့လာနိန်ရေ လူငယ်ချေတိအတွက် ဖြေဆိုဖို့ တိုက်တွန်းလိုက်ရပါရေ။ "

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများ ကျင်းပမည် 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ အသိအမှတ်ပြုစာမေးပွဲများကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့်အသင်းခွဲများရှိရာရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသ

ကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်တပြိုင်နက်ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ကျောင်းသားများ၊ အသင်းဝင်များ အတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။
အဆိုပါစာမေးပွဲများသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာ များနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

စာမေးပွဲအမျိုးအစားများ - (၁) MCPA Certified Fundamental Software      Engineer (FSE)                
(၂) MCPA Certified Network Associate (NA)

စာမေးပွဲကျင်းပမည့်နေ့ - ၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၇) ရက် (တနင်္ဂနွေနေ့)
စာမေးပွဲပြုလုပ်မည့်အချိန် - နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ
နောက်ဆုံးစာရင်းပေးသွင်းရမည့်နေ့ - ၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက် (ဗုဒ္ဓဟူးနေ့)
စာမေးပွဲကြေး - ( ၅,ဝဝဝ ) ကျပ် (MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)
ကျင်းပမည့်နေရာ - Conference Hall, MICT Park, လှိုင်တက္ကသိုလ်နယ်မြေရန်ကုန်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆/၇၃၀၈၈၃၀၀သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Leave a Reply